သတင်းများ

TIGER SUPPLY CO., LTD. HELPED THE FLOOD VICTIMS

07-02-2019

Tiger Supply Co., Ltd သည် ၄င်း၏ လူမှုအဖွဲ့အစည်းအကျိုးပြုလုပ်ငန်းများအနက်မှတစ်ခုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လေးထူးကြီးရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စုပေါင်း ၉၀၀ ခန့်အတွက် မြန်မာငွေကျပ် တစ်ဆယ့်ငါးသိန်းတန်ဖိုးရှိ ပုဇွန်ခြောက်ကြော်၊ ငါးခြောက်၊ ခေါက်ဆွဲများနှင့် ရေသန့်ဘူးများကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှုကို ထောက်ပံ့မှုလိုအပ်နေသော ပြည်သူများထံသို့ ကူညီပံ့ပိုးမှုများ အားသွန်ခွန်စိုက်ဆောင်ရွက်ပေး  လေ့ရှိသော ရန်ကုန်မှ Rotary Club နှင့် Noble Heart တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ Tiger Supply ကုမ္ပဏီဝန်ထမ်းများ အနေဖြင့်လည်း လှူဒါန်းရန် ပစ္စည်းများ ချက်ပြုတ်ပြင်ဆင်ထုတ်ပိုးခြင်းတို့ကို အားတက်သရောပါဝင်ဆောင်ရွက်ခဲ့ပြီး ရေဘေးသင့်ပြည်သူများထံသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့ကြပါ သည်။ ဤကဲ့သို့လှူဒါန်းမှုသည် Tiger Supply ကုမ္ပဏီ၏ လူမှုအဖွဲ့အစည်းအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများထဲမှ တစ်ခုဖြစ်ပြီး Tiger Supply ကုမ္ပဏီသည် အရည်အသွေးမြင့်ဆောက်လုပ်ရေးပစ္စည်းများ ဖြန့်ချိလျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ရုံသာမက အထောက်အပံ့လိုအပ်လျက်ရှိသော ပြည်သူများကို ကူညီထောက်ပံ့လက်ကမ်းရန်အတွက် လည်း စိတ်စေတနာထက်သန်သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ပြယုဂ်တစ်ခုလည်း ဖြစ်ပါသည်။