Product Information Article Myanmar

အရည်အသွေးမြင့်ကုန်ပစ္စည်းများကို အမျိုးအစားစုံလင်စွာ ဖြန့်ချိဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Gypsum Board Installation Tips

ဂျပ်ဆင်ဘုတ် တပ်ဆင်ရာတွင်သတိပြုရမဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်



For Partition(အခန်းဖွဲ့ခြင်းအတွက်အသုံးပြုနည်း)
၁။ ဂျပ်ဆင်ဘုတ်တွင် တပ်ဆင်မည့် စကူ(ဝက်အူ)၏အရှည်သည် ဂျပ်ဆင်ဘုတ်ထက် ၁၀ မီလီမီတာပိုရှည်ရမည်။
၂။ဂျပ်ဆင်ဘုတ်တွင်တပ်ဆင်မည့် သတ္တုဘောင်များသည် ၅.၅ မီလီမီတာထူရမည်။
၃။ဒေါင်လိုက်ထားမည့် သတ္တုဘောင်များကို ဦးတည်ရာ တစ်ခုတည်းသို့သာ နေရာချထားရပါမည်။
၎။အကယ်၍ ဆက်ရာများရှိပါက ခိုင်ခံ့မှုအားနည်းသွားမည် ဖြစ်သည်။
၅။အကျယ် ၁၅ မီတာထပ်ပို၍ အခန်းဖွဲ့မည်ဆိုပါက ၁၅ မီတာကွာတိုင်း expension joint ကိုအသုံးပြုပေးရမည်ဖြစ်ပါသည်။ သို့မှသာ ဘုတ်များအက်ကွဲခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
၆။အခန်းဖွဲ့ရာတွင် ကြမ်းပြင်နှင့်ဂျပ်ဆင်ဘုတ်အကြား ၁၀ မီလီမီတာ ခန့်ဟထားရမည်ဖြစ်သည်။
၇။မီးဖိုချောင်၊ ရေချိုးခန်းကဲ့သို့စိုထိုင်းဆများသော နေရာတွင် သတ္တုဘောင်များကို ပလတ်စတစ်နှင့်ပတ်ပြီးမှသာအသုံးပြုသင့်သည်။ ထိုနေရာများအတွက်အစိုဓာတ်ကာဂျပ်ဆင်ဘုတ်ကို အသုံးပြုခြင်းသည် အသင့်တော်ဆုံးဖြစ်သည်။



For Ceiling (မျက်နှာကျက်အတွက်အသုံးပြုနည်း)

၁။မျက်နှာကျက်အတွက်တဆက်တည်း ၁၅ မီတာ အသုံးပြုမည်ဆိုပါက ၁၅ မီတာကွာတိုင်း ၁၀ မီလီမီတာ အကျယ်ခြားထားပေးသင့်သည်။ သို့မှသာ Expansion joint တပ်ဆင်နိုင်ပြီးဂျပ်ဆင်ဘုတ်များ အက်ကြောင်းလိုက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
၂။ဂျပ်ဆင်ဘုတ်ကိုအခန်းတစ်ခန်း၏ မျက်နှာကျက်တွင်လည်းကောင်း၊ အခန်းဖွဲ့ရာတွင် လည်းကောင်း နှစ်မျိုးလုံး အသုံးပြုမည်ဆိုပါက မျက်နှာကျက်ကို အလျင်တပ်ဆင်ပါ။ သို့သော် ပတ်ဝန်းကျင်ကို အနှောင့်အယှက်မပေးဘဲ တိတ်တိတ်ဆိတ်ဆိတ် တပ်ဆင်လိုပါက အခန်းအလျင်ဖွဲ့ပြီးမှ မျက်နှာကျက်ကို တပ်ဆင်ပါ။
၃။T-Bar မျက်နှာကျက် တပ်ဆင်သည့်နည်းနှင့် တပ်ဆင်မည်ဆိုပါက အမိုးနှင့်မျက်နှာကျက်ကြားတွင် လေဝင်လေထွက်ကောင်းစေရန် စီစဉ်ထားပါ။ သို့မှသာ ဂျပ်ဆင်ဘုတ်များဆွေးမြေ့စုတ်ပြတ်ခြင်းကင်းပြီး ရေရှည်အသုံးပြုနိုင်မည်ဖြစ်သည်။
၎။တပ်ဆင်ပြီးမျက်နှာကျက်များကိုပြန်လည်တိုင်းတာမည်ဆိုပါက ၂ မီတာ အရှည်တုတ်ချောင်းကို တိုင်းမည့်မျက်နှာကျက်တွင် ထားကာ စစ်ဆေးပါ။ မျက်နှာကျက်နှင့်တုတ်ချောင်း  ကြားဟနေသော အကွာအဝေးမှာ ၅မီလီမီတာထက် မပိုသင့်ပါ။