

-
ဆောက်လုပ်ရေးလုပ်ငန်းသုံးဓာတုပစ္စည်းများ
ဆောက်လုပ်ရေးလုပ်ငန်းသုံးဓာတုပစ္စည်းများသည် ကမ္ဘာ့အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် အရေးပါ သော ဓာတုပစ္စည်းများထဲမှ တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုမှုကို ရရှိထားပြီး အထင်ကရ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် KAO အမှတ်တံဆိပ် အရည်အသွေးမြင့်ဓာတုပစ္စည်းများကို ကျွန်တော်တို့မှ ဖြန့်ချိရောင်းချ ပေးနေပါသည်။ ကွန်ကရစ်အမျိုးအစားအမျိုးမျိုးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကဲ့သို့သော ဆောက်လုပ်ရေး လုပ်ငန်းသုံးဓာတုပစ္စည်းအမျိုးမျိုးဝယ်ယူရရှိနိုင်ပါသည်။ Mighty အမှတ်တံဆိပ် ဆောက်လုပ်ရေးလုပ်ငန်းသုံးဓာတုပစ္စည်း အမျိုးမျိုးကိုလည်း ၀ယ်ယူရရှိနိုင်ပါသည်။
-
ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ
Tiger Supply ကုမ္ပဏီသည် အရည်အသွေးကောင်းမွန်သော နိုင်ငံတကာအမှတ်တံဆိပ်ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန် ကြမ်းပစ္စည်းအမျိုးမျိုးကို မြန်မာနိုင်ငံတွင် အဓိကဖြန့်ဖြူးရောင်းချလျက် ရှိပါသည်။ SCG ၊ Crocodile နှင့် VIVA ကဲ့သို့သော နိုင်ငံတကာအသိအမှတ်ပြု နာမည်ကြီးအမှတ်တံဆိပ်အမျိုးမျိုးကို ကျွန်ုပ်တို့၏ ၀ယ်ယူသူများစိတ်တိုင်းကျဖြစ်စေရေး ဖြန့်ချိ ရောင်းချပေးလျက်ရှိပါသည်။
မျက်နှာကျက်၊ နံရံနှင့် အခန်းကန့်ခြင်းတို့အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းအမျိုးမျိုးကို SCG Smartboard ၊ Gypsum ၊ UAC နှင့် Tiger Supply စသည့် အထင်ကရအမှတ်တံဆိပ်အမျိုးမျိုးမှ ထုတ်ကုန်များကို ကျွန်ုပ်တို့ထံတွင် ၀ယ်ယူရရှိနိုင်ပါ သည်။
အသေးစိတ်ကြည့်ရှု.ရန် -
ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ယန္တရားများ၊ ကိရိယာများ
ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်ဆန်တိကျစွာဖြင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရန် အလွန်အရေးကြီးပါသည်။ လုပ်ငန်းသဘောသဘာဝနှင့် အံဝင်ခွင်ကျဖြစ်သော ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ယန္တ ရားများနှင့် ကိရိယာများ အသုံးပြုဆောင်ရွက်မှသာ အရည်အသွေးပြည့်မီ၊ လုံခြုံစိတ်ချရပြီး တိကျမြန်ဆန်စွာဖြင့် လုပ်ငန်းများပြီးမြောက်အောင်မြင်နိုင်မည်ဖြစ်ပါသည်။
Tiger Supply တွင် ကျွန်ုပ်တို့၏ customer များ၏ လုပ်ငန်းအသီးသီးနှင့် ကိုက်ညီသင့်လျော်သော အကြံဥာဏ်များ ပေး စွမ်းလျက်ရှိပါသည်။ Customer များ၏ လုပ်ငန်းအသီးသီးနှင့်ကိုက်ညီသင့်လျော်သော ပစ္စည်းအမျိုးမျိုးကို Tiger Supply တွင် စုံစမ်းဆွေးနွေးနိုင်ပြီး မိမိတို့လုပ်ငန်းများနှင့်အကိုက်ညီဆုံး ပစ္စည်းကိရိယာများကို စိတ်တိုင်းကျရွေးချယ် ၀ယ်ယူနိုင်ပါသည်။
အသေးစိတ်ကြည့်ရှု.ရန် -
မော်တော်ယာဉ်များ
မော်တော်ယာဉ်တွေရဲ့ ဒီဇိုင်းနဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေတိုးတက်မြင့်မားလာတာနဲ့အမျှ မော်တော်ယာဉ်တွေရဲ့ ဘေး ကင်းလုံခြုံမှုနဲ့ မြန်ဆန်မှုကလည်း ပိုတိုးတက်လာပါတယ်။ အဲဒီလို တိုးတက်မြင့်မားနေတဲ့ မော်တော်ယာဉ်ကဏ္ဍရဲ့ တစ်ထောင့်တစ်နေရာကပါဝင်တဲ့အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းလည်ပတ်ပြီး မော်တော်ယာဉ်ဒီဇိုင်းတွေ၊ တပ်ဆင်တာတွေ တာဝန်ယူဆောင်ရွက်နေတဲ့ မော်တော်ယာဉ်စက်ရုံတစ်ခုကို ကျွန်တော်တို့က စီမံခန့်ခွဲနေပါတယ်။ မော်တော်ယာဉ်ကဏ္ဍ မှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ Computer-aided Engineering (CAE) စနစ်နဲ့ အလုပ်လုပ်ဆောင်တာဖြစ်တဲ့အတွက် လုပ်ငန်းကုန်ကျစရိတ်နဲ့ကြာချိန်လျော့ကျစေပြီး ဘေးကင်းလုံခြုံမှု၊ သက်တောင့်သက်သာရှိမှုနဲ့ ကြာရှည်အသုံးခံတဲ့ စက် ပစ္စည်းတွေကို ထုတ်လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ဆောင်ရွက်ပေးနေတဲ့ မော်တော်ယာဉ်အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်း တွေကတော့ -
- ဒီဇိုင်းနှင့် CAE analysis
- Press Dies နှင့် Injection Moulds
- Cabin Assembly Lines
- ED coating နှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဆေးသုတ်ခြင်းလုပ်ငန်း
-
Fermentation နှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးဓာတုပစ္စည်းများ
မြန်မာနိုင်ငံသည်စိုက်ပျိုးရေးလုပ်ငန်းအဓိကလုပ်ကိုင်သော နိုင်ငံဖြစ်သည့်အားလျော်စွာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေးတွင်Fermentation နှင့်စိုက်ပျိုးရေးလုပ်ငန်းသုံးဓာတုပစ္စည်းများသည်အရေးပါသော အခန်းကဏ္ဍမှပါဝင်ပါသည်။TigerSupplyသည်စိုက်ပျိုးရေးလုပ်ငန်းသုံးဓာတုပစ္စည်းများအနက်အထင်ကရ အမှတ်တံဆိပ်တစ်ခုဖြစ်သည့်KAOအမှတ်တံဆိပ်ကုန်ပစ္စည်းများကို ဖြန့်ချိရောင်းချပေးလျက်ရှိပါသည်။ KAO အမှတ်တံဆိပ်၏အရည်အသွေးမြင့်စိုက်ပျိုး ရေးလုပ်ငန်းသုံးဓာတုထုတ်ကုန်များသည် ကမ္ဘာတစ်ဝန်းလုံးတွင် အသိအမှတ်ပြုခံထားရပြီး၎င်း၏ထုတ်ကုန်များသည်အခြေခံကုန်ကြမ်းပစ္စည်းအဆင့်မှစ၍ကုန်ချောအဆင့်သို့ရောက်သည်အထိစနစ်တကျသုတေသနပြုလုပ်ထားသော ထုတ်ကုန်များဖြစ်ပါသည်။ စိုက်ပျိုးရေး လုပ်ငန်းသုံးဓာတုပစ္စည်းများသည် ဓာတုဗေဒသဘောတရားအရ အရေးကြီးရုံ သာမက သဘာဝပတ်ဝန်းကျင်ဆိုင်ရာရှုထောင့်အနေနှင့်ပါ အရေးပါပါသည်။
အသေးစိတ်ကြည့်ရှု.ရန်